Tuesday, June 5, 2012

ချစ်သူသိစေ...









ကောင်မလေးရယ်...
ငါဘ၀ရဲ့ဝမ်းစာကို...ငါကိုယ်တိုင်ပျောက်ဆုံးနေချိန်မှာ...
ပင်ယံကပန်းငါလှန်းခဲ့မိတယ်...အမြင့်ဆုံးက...
ပန်းတပွင့်ငါလှန်းလို့မှီတော့...ငါမနမ်းရက်ခဲ့ပါဘူး...
သူရဲဘောကြောင်တယ်ပဲပြောပြော....
တန်ဖိုးထားခဲ့တာငါလေ....


ဂုဏ်တွေငွေကြားကပန်းလေး....
ညိုးငယ်မှာ..စိုးရိမ်စိတ်ငါပြေပျောက်ဖို့တော့....
မလွယ်ကူပါဘူး...အလွမ်းတွေပင်လယ်ဝေလို့...
ငါတယောက်ထဲ...အခန်းငယ်လေးမှာမွန်းကြပ်နေပါစေ...
ငါကြောင့်ဖြစ်တဲ့ဝေဒနာ..ငါကိုယ်တိုင်ပဲခံစားမယ်ဟာ...


မလာပါနဲ့..ဒုက္ခတွေပင်လယ်ဝေတဲ့ငါဘ၀ကို...
ထားခဲ့ပါ....မီးတောက်တခုလိုငါရင်ခွင်ကို....
နင်ခိုဝင်ဖို့တော့...မစဉ်းစားပါနဲ့ငါဆိုတဲ့လူကြောင့်...
နင်ဘ၀လေးလှပနေတာကို...မဖျက်စီးလိုက်ပါနဲ့...
နေပူပူအောက်ကငါအဖြစ်ကိုမြင်ယုံနဲ့...


နင်စိတ်ဓါတ်တွေမပြောင်းလဲနိုင်တာကိုတော့...
ငါယုံပါတယ်..ဒါပေမဲ့ကောင်မလေးရယ်...
ငါမြတ်နိုးတဲ့..မင်းကိုငါကိုယ်တိုင်ပဲမင်းကို....
သောကတွေပေးနေမိသလားကွာ....







*•.¸★lwantal*•.¸★ 
6/6/2012

 

3 comments:

mstint said...

စစ်မှန်တဲ့အချစ်ဆိုတာ အနစ်နာခံခြင်း စွန့်လွှတ်ခြင်းတဲ့ 'လွမ်းတယ်' ရေ။ ပေးဆပ်ခြင်းကဗျာလေး အားပေးသွားပြီ
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

အလွမ်းတွေ ပင်လယ်ဝေနေတာလား
အလွမ်းများ ကင်းပါစေလို့

စံပယ်ချို said...

အလွမ်းတွေ ပင်လယ်ဝေနေတာလား
အလွမ်းများ ကင်းပါစေလို့