Tuesday, May 15, 2012

လွမ်းရတဲ့ချစ်သူရေ


လရောင်ပျောက်တဲ့ညမှာ...ငါတွက်အလင်းရောင်ပေးခဲ့တာ...
ငါရင်ထဲကချစ်ရသူလေ...အလင်းတန်းတွေပေးစွမ်းနိုင်သလို...
ငါလောင်မြိုက်နေတဲ့...အမုန်းမီးတွေကိုပါသူငြိမ်းသတ်ခဲ့တာကို...
ကျေးဇူးရှင်လို့ပြောတာထက်...ငါတွက်တော့ကောင်းကင်က...
ငွေလမင်းပါ.....

မင်းလေးသာထာဝရ...ငွေလမင်းလေးဖြစ်ခဲ့ရင်...
အချိန်တိုင်းငါဆုတောင်းနေမှာက...မင်းဘေးက...
ကြယ်သင်လေးတွေဖြစ်ပါရစေပေါ့...

လောကကြိုးဝိုင်းပေါ်မှာ...ငါတို့ဝေးခဲ့ရင်....
မင်းလဲငါလိုဆုတောင်းနော်....ဘ၀ဆက်တိုင်း...
ကြင်နာသူတွေဖြစ်ပါစေလို့....အိပ်ယာပေါ်မှာငါအတွေးတွေနယ်ချဲ့တိုင်း...
မင်းလေးမပါပဲမရှိပါဘူး....မင်းရဲ့အသံလေးကကိုယ့်အတွက်တော့...
အိပ်ယာဝင်တေးတပုဒ်လိုပါပဲ...သာယာတဲ့အသံလေး...
နောက်ဆုံးထွက်သတ်ထိအမှတ်ရနေမှာပါ....
ဘာလို့လဲဆိုတော့...ငါတို့ကသိပ်ချစ်ရတဲ့ချစ်သူတွေ....
ဖြစ်နေလို့လေ.....

ချစ်သောသူတိုင်းပေါင်းရပါစေဆိုတဲ့...အိမ်မက်ရွာကလွမ်းတယ်ကြီး...
ဆုတောင်းပေးသလို...ငါလဲအမြဲဆုတောင်းတယ်...
ဘ၀ဆက်တိုင်း...နင်ချစ်သူဖြစ်ရပါစေလို့ပေါ့....

အချိန်တိုင်းလွမ်းနေပင်မဲ့....အချိန်တိုင်းနင်တွက်နေရာမပေးနိုင်သေးတာ...
ငါကိုငါစိတ်တိုမိတယ်ချစ်ရသူ....မဝေးတော့ပါဘူး...
ငါတို့နှစ်ယောက်ဘ၀တခုတည်ထောင်ရဖို့လေ....
အချိန်တွေနီးကပ်လာတာနဲ့အမျှ....ငါနင်ကိုသိပ်ချစ်သလို...
မင်းလဲကိုယ့်လို့အတွေးမျိုးတွေးနိုင်ပါစေ...ချစ်ရသူ....









lwantal
16/5/2012

1 comment:

စံပယ်ချို said...

ဆုတောင်လေးတွေပြည့်ပါစေ လို့ ဆုတောင်းပေးပါတယ်